Wednesday, October 10, 2007

ထိုင်းရောက်ရွှေများ

ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားအတိုင်း မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ရွှေမြန်မာပေါင်း လူဦးရေ (၂)သန်းကျော် တရားဝင်ရော၊ တရားမ၀င်ပါ

ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင် နေကြရာ အများစုနေထိုင်ကြတဲ့နေရာများနှင့် လုပ်ကိုင်ရာအလုပ်အကိုင်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁. မဲဆောက်နှင့်ဝန်းကျင် (အလုပ်မျိုးစုံနှင့်

အထည်ချုပ်လုပ်ငန်း) မြန်မာ၅သိန်းခန့်၂. ဖန်ငနှင့်ဝန်းကျင် (ရေနှင့် တံငါလုပ်ငန်း) မြန်မာ၅သိန်းခန့်၃. စမွန်စခွန် (ရေနှင့် တံငါလုပ်ငန်း) မြန်မာနှစ်သိန်းခန့်၎. နခွန်ပသွန် (၀က်မွေးမြူရေးနှင့် အလုပ်မျိုးစုံ)၅. ချင်းမိုင် (အလုပ်ပေါင်းစုံ)၆. နခွန်စီသမရတ် (စိုက်ပျိုးရေး)၇. ထိုင်းတောင်ဖျားပိုင်း (ရေနှင့် တံငါလုပ်ငန်း)စသည်တို့ဖြစ်ပါတယ်။ နယ်စပ်ကခိုးဝင်လာစဉ်

အသက်ရှုကြပ်ကာလမ်းမှာသေဆုံးကြလို့လောင်စာဆီလောင်း ပြီးမီးရှို့ခံရတဲ့၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်ကအညိုရောင်နယ်မြေမှာ လုပ်အားခငွေ ရှင်းမပေးချင်တဲ့ ယုတ်မာပက်စက်တဲ့ လုပ်ငန်းရှင်တချို့ရဲ့ ငါးအသားလွှာစက်တွေထဲကို အရှင်လတ်လတ်ထည့်သတ်ခံရတဲ့၊ လောနှင့်ကမ္ဘောဒီးယားနိုင်ငံသားတချို့နဲ့အတူ အလောင်း၃၀၀ကျော်အစုလိုက်အပြုံလိုက်တွေ့ရတဲ့အထဲမှာ ပါဝင်သွားခဲ့တဲ့ ကံဆိုးရှာသူရွှေမြန်မာများရဲ့သတင်းကတော့ တဖြည်းဖြည်းနဲ့ မထူးဆန်းတော့တဲ့သတင်းဖြစ် လာနေတာ တာဝန်ရှိသူများရဲ့ တာဝန်အပေါ်အဓိပ္ပာယ်ဖွင့်ဆိုမှုလွဲမှားမှုကြောင့်ဖြစ်ပါလိမ့်မယ်။ တရားမ၀င် လာရောက်ခဲ့ကြသူများဖြစ်လို့တရားဥပဒေရဲ့အရိပ်အာဝါသကိုခိုလှုံခွင့်မရကြတဲ့၊ မတရားမှုမှန်သမျှကိုခါးစည်း ခံနေကြရရှာတဲ့၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးဆိုတာကို လူသားအရေးအဖြစ် သဘောမပေါက် ကြရှာပဲနိုင်ငံရေးအဖြစ်မြင်ကာကိုယ်ပိုင်အခွင့်အရေးကိုတောင်းဆိုဖို့ကိုတောင်နိုင်ငံရေးသမား လို့အထင်ခံရမှာ

ကြောက်လို့မပြောရဲရှာသူမြန်မာအလုပ်သမားများရဲ့ဘ၀ဟာသူတပါးခေါင်းပုံဖြတ်တာခံရဖို့အတွက် လူလာဖြစ် နေကြရသလိုပါပဲ။
စမွန်စခွန်ကရွှေများကတော့ လောလောဆယ်ကြုံတွေ့နေရတဲ့

လုယက်မှုပြဿနာနှစ်ခုကိုရင်ဆိုင်နေကြရပါ တယ်။ မျောက်ဂိုဏ်နဲ့လမ်းသရဲဂိုဏ်းနှစ်ခုကြောင့် အလုပ်သွားရာမှာတောင် အုပ်စုနဲ့သာ သွားလာရဲတယ်လို့ ရွှေတစ်ယောက်ကပြောပါတယ်။ စမွန်စခွန်ဟာ မူလက တံငါရွာမျှသာဖြစ်ပြီး အခုငါးကိုနိုင်ငံတကာကိုတင်ပို့ ရာ ငါးလုပ်ငန်းမြို့အဖြစ်တိုးချဲ့မှုကြောင့် မူလကြီးစိုးရာမျောက်များ

စားကျက်နဲ့နေရာပျောက်ကာ မြို့ပြင်နဲ့ နီးစပ်ရာမြေလွတ်များမှာနေထိုင်ရင်း လမ်းသွားလမ်းလာများ စားစရာကိုင်ဆောင်လာပါက အုပ်စုလိုက်ထွက် ကာ လုယက်ကြပါတယ်။ ရွှေများဟာလည်း အခန်းငှားခသက်သာရာ မြို့ပြင်များမှာ နေထိုင်မှုများတဲ့အတွက် ရွှေနဲ့မျောက်ပြဿနာတက်ကြတာဖြစ်ပါတယ်။ လမ်းသရဲဂိုဏ်းကတော့

ဆိုးသွမ်းထိုင်းလူငယ်များကမြေနိမ့်ရာ လှံစိုက်ကာ ငုံ့ခံကြမယ့်ရွှေများကို အနိုင်ကျင့်လုယက်ကြတာဖြစ်ပါတယ်။ေ>မပူရာကင်းမှောင့်ဆိုသလို

အသားထဲကလောက်ထွက်တဲ့ပြဿနာကတော့ အမှုပွဲစားဖြစ်ပါတယ်။ ထိုင်းရဲက ဖမ်းဆီးငွေညှစ်တာခံရပြီးရင် ဆက်လက်ပြီးတရားမ၀င်အလုပ်လုပ်တာ

ရွှေများအတွက်ရိုးနေတဲ့ဖြစ်စဉ်ပါ။ သည်လိုအခြေအနေမှာ လူသစ် သည်နယ်မြေထဲကိုဝင်လာရင်

ကိုယ့်လူမျိုးအချင်းချင်းကိုမျက်နှာမထောက်၊ ထိုင်းရဲကို လက်ထောက်ချ၊ ပြီးရင် ထိုင်းရဲဆီကပွဲစားခပြန်တောင်းယူတာကိုအမှုပွဲစားလို့ခေါ်ပြီးထိုလူများကိုထိုင်းရဲကလက်သပ်မွေးထားပါတယ်။
သည်လိုအခြေအနေတွေထဲမှာ

အလုပ်လုပ်ပြီးရှာရသမျှငွေကိုအိမ်ပြန်ပို့ရာက အလုပ်ခွင်ထဲမှာထိခိုက်တဲ့အခါ ရောဂါစွဲတဲ့အခါ အလုပ်မလုပ်နိုင်ဆေးကုဖို့ငွေမကျန်ဖြစ်ကြသူများကို ၂၀၀၄ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ရင်ငြိမ်းပန်း ကရုဏာဖောင်ဒေးရှင်းက ဆေးကုသစရိတ်ထောက်ပံ့ပေးနေပါတယ်။ သေအံ့မူးမူးလူမမာများ

မြန်မာပြည်သို့ပြန်လိုပြီးလမ်းစရိတ်မရှိသူများ၊ မတော်တဆသေဆုံးကြသူများရဲ့ဈာပနများ၊ အလောင်းကို

မြန်မာပြည်သို့ပြန်သယ်လိုသူများအတွက်စားရိတ်များကိုလည်းထောက်ပံ့ပေးကြပါသည်။မည်သည့်အသင်းအဖွဲ့ကမှ ထောက်ပံ့ကြေးမရနိုင်ကြရှာတဲ့ တရားမ၀င်အလုပ်သမားများ တစ်ရက်တစ်ဘတ်နှုံးနဲ့ တလဘတ်၃၀ ထည့်ဝင်

လှူဒါန်းငွေများကိုမတည်ပြီးတည်ထောင်ထားရတဲ့သည် အသင်းလေးကိုသာအားကိုးအားထား ပြုနေကြရရှာတဲ့ ရွှေများရဲ့ ကျန်းမာရေးအတွက်အကူအညီပေးလိုပါက ရင်ငြိမ်းပန်းကရုဏာဖောင်ဒေးရှင်း http://yinnyeinpann-passion.blogspot.com/ ကိုဆက်သွယ်နိုင်ကြကြောင်း တင်ပြလိုက်ရပါတယ်။

No comments: