Wednesday, October 10, 2007

ထိုင်းနိုင်ငံရဲ့ သရုပ်မှန် (အောက်တိုဘာ ၂၀၀၇)

ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင်၊ မဟာချိုင်ဒေသတွင် အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမား ဆယ့်သုံးသိန်းတို့ရဲ့ လူမှုရေး အခက်အခဲ ပြသနာများကို စေတနာ အဓိကထား လုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့ ဖြစ်ပါသည်။ ရင်ငြိမ်းပန်း ဘလော့တွင် လည်း အသင်းရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို ဓာတ်ပုံ သာဓကများနဲ့ တကွ တင်ပြထားပြီး ဖြစ်ပါသည်။ နာရေး၊ သာရေး ကိစများကိုသာ လက်မလည်အောင် ကူညီနေရသော ရင်ငြိမ်းပန်း အသင်းတွင် မည့်သည့် နိုင်ငံရေး အရိပ်အရောင်မျှ မပါဖူးပါ။

သို့ရာတွင် ဇူလိုင်လ ၇ရက်နေ့တွင် မွန်မိန်းကလေးတစ်ဦးကို မာဖီးယားဂိုဏ်းတဂိုဏ်းက မုဒိမ်းကျင့် ဖမ်းဆီး ခဲ့ရာတွင် ထို မိန်းကလေးက အသက်ကိုမငဲ့ဘဲ ထွက်ပြေးလာနိုင်ခဲ့သဖြင့် ထို ဂိုဏ်းက မြန်မာနဲ့ မွန် မိန်းကလေး များ လက်ရှိတွင်ပင် အယောက် ၂၀ခန့်ကို ဖမ်းဆီး မုဒိမ်းကျင့် စိတ်ကြွဆေး ကျွေးပြီး ပင်လယ်တွင်း ငါးဖမ်း စက်လှေ များတွင် လှေသားများ ပျော်ပါးရန် ရောင်းစားနေသော အမှု ပေါ်သွားခဲ့ပါသည်။ ထို အမှုတွင် မဟာချိုင် ရပ်မှ ဒေသခံရဲပါ ပါဝင် ပတ်သက် နေပြီး အမှု ဖျောက်ဖို့ ကြိုးစားခဲ့ရာ ကျန်ရှိနေ သေးသော မိန်းကလေး အ ယောက် ၂၀ကို ကယ်တင်နိုင်ရန် ထို အမှုကိုလည်း ရင်ငြိမ်းပန်း အသင်းမှ ရဲချုပ်ထံ ထိရောက်အောင် ထိုမှတဆင့် အန်ဂျီအိုများထိ ပေါက်ရောက်အောင် ဦးဆောင် တိုင်တန်း အမှုမှန် ပေါ် အောင် ဖော်ခဲ့ရပါသည်။ ထို မိန်းကလေး အယောက်၂၀ကို ကိစ္စဖျောက် အပြတ်ရှင်း သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် မီဒီယာများမှ မဖော်ထုတ်ရန် တောင်း ပန် ခဲ့ရပါသေးသည်။ ထိုအချိန်တွင်း အမှုတွင် ပါဝင် လှုပ်ရှားသူ တစ်ဦးရဲ့ အိမ်ကို ဖောက်ထွင်း ခိုးယူခံရယုံ သာမက ဖုန်းခိုးယူသွားသဖြင့် ထိုဖုန်းကို ဆက်ကြည့် ရာ ယူတော့ဘာဖြစ်သေးလဲ ဟုပင် မောက်မာစွာ ပြောဆိုခံ ခဲ့ရပြီး အသင်းဝင်တစ်ဦးရဲ့ ချွေးမ အသတ်ခံ ခဲ့ရပါသည်။

သို့သော် ထိုအချက်ကို အငြိုးထားသော ဒေသခံရဲများသည် ရင်ငြိမ်းပန်းအသင်းကို ချောက်တွန်းရန် စောင့် နေခဲ့ကြပါသည်။ ယခုလို သီတင်းကျွတ် လပြည့်နေ့ နီးနေချိန်တွင် ခါတိုင်းနှစ်များကဲ့သို့ သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါတော်နေ့အတွက် ဘာသာရေး အခမ်းအနား ပြုလုပ်ရန် စီစဉ်နေချိန်တွင် ၂၀၀၇ခု အောက်တိုဘာ ၈ရက် မနက် အစောတွင် ရင်ငြိမ်းပန်း ရုံးခန်းကို ရှာဖွေရေး ၀ရမ်း မပါဘဲ ၀င်ရောက် စီးနင်း ရှာဖွေပြီး နံရံတွင် ချိတ် ဆွဲ ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ရုပ်ပုံ ကားချပ်၊ ဗိုလ်ချုပ်ရဲ့ သွေးစည်း ညီညွတ်ကြဖို့ မိန့်ခွန်းနှင့် ဘာသာရေး အခမ်းအနားတွင် ဝေငှရန် အသင့် ပြုလုပ် ထားသော သာသနာ့ အလံပါ ရင်ထိုးတံဆိပ်တို့ကို သိမ်းယူပြီး အသင်း ဥက္တဌကိုပါ နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြပါသည်။

ဒီဘလော့လာ ပရိသတ်ကို မေးချင်ပါသည်။
အာရှသူရဲကောင်းအဖြစ် တကမ္ဘာလုံးက လေးစားအသိအမှတ်ပြုသော မိမိနိုင်ငံရဲ့ ခေါင်းဆောင်ပုံကို အခန်းနံရံမှာ ချိတ်ဆွဲတာဟာ နိုင်ငံရေး မြောက်ပါသလား။

သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါတော်နေ့အတွက် ဘာသာရေး အခမ်းအနားတွင် ဝေငှရန် ပြုလုပ်ထားသော သာသနာ့အလံပုံ ရင်ထိုးသည် နိုင်ငံရေးမှု မြောက်ပါသလား

ဘယ်သောအခါကမှ နိုင်ငံရေး အငွေ့အသက်ပင် မပါအောင် (မလှည့်အားအောင်ပင် ကိုယ့်အလုပ် တဖက်၊ နာရေး ကူညီမှု တဖက် လုပ်ကိုင်နေရသော အသင်းဝင် အင်အား ၂၀၀ဖြင့် လူဆယ့်သုံးသိန်းကို) ကူညီနေ ရသော ဒီရင်ငြိမ်းပန်း အသင်းကို ဘာကြောင့် မြန်မာအစိုးရ မျက်နှာတော်ရအောင် ထိုင်းအစိုးရက ဘာကြောင့် ထိုးကျွေးချင်ရသနည်း

ကမ္ဘာ့အလယ် ကုလသမဂ္ဂတွင် မြန်မာအစိုးရရဲ့ သာသနာရေးဆိုင်ရာ ဖိနှိပ်မှုကို ကန့်ကွက်ကြောင်း ပြောဆို ခဲ့သော ထိုင်းအစိုးရသည် သာမန် နာရေးကူညီမှု အသင်းလေးကို ဗိုလ်ချုပ်အောင်ဆန်းပုံ တွေ့ရှိမှု၊ သာသနာ့အလံ တွေ့ရှိမှု တို့ကြောင့် နိုင်ငံရေး ပုဒ်မ တပ်ကာ ဖမ်းဆီး ချိပ်ပိတ်ခြင်းသည် ခေါင်းကိုထီး ဆောင်းပေးပြီး ခြေထောက်ကို ဖြတ်ရိုက်သော စေတနာ မှန်သော လုပ်ရပ် ဟုတ်ပါသလား

ထိုမျှ မကသေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးစေလိုလျှင် အထက်ကို အမှုတွဲ မတင်စေ ချင်လျှင် ဘတ်ငွေ နှစ်သောင်း ပေးရမည်ဟု ငွေညှစ်ပြီး ငွေပေးမည့်သူ များလာသောအခါ လန့်ဖျပ်ပြီး အ ထက်ကို အမှုတွဲ

တင်ပေးလိုက်ပါသည်။ ရှာဖွေရေး ၀ရမ်းမပါဘဲ ဖမ်းသောကြောင့် မသက်ဆိုင်သော အခြား သက်သေခံ ပစ္စည်းအတု များကိုပါ ထည့်သွင်းခွင့် ရှိနေကြောင်းလဲ ခြိမ်းခြောက်

ပြောဆိုခဲ့ပါသည်။ ထိုမှ တဖန် အထက်သို့ အမှုတွဲ ရောက်ပြီးဖြစ်သောကြောင့် အရေးယူမှု လုပ်မှ ရမည်ဖြစ်ကြောင်း၊ အပေါ့စား အရေးယူမှု ဖြစ်စေရန်အတွက် လက်ရှိ ရှိနေသော

အလုပ်သမားကဒ်ကို ပြန်သိမ်းပြီး အလုပ်သမား လက်မှတ် မရှိသူအဖြစ် နယ်စပ်သို့ ပြန်ပို့မည် ဖြစ်ကြောင်း၊ နယ်စပ်ရောက်မှ အချိန်မရွေး ပြန်ခိုးဝင်လာ နိုင်ကြောင်း၊ ဒေသခံရဲများ အနေဖြင့် ပြန်ခိုးဝင်လာသည်ကို နားလည်မှုဖြင့် မမြင်ချင်ယောင် ဆောင်ပေးမည် ဖြစ်ကြောင်း သွေးဆောင် ဖြားယောင်းကာ အမှုတွဲကို ဆက်မလိုက်စေဘဲ ကြေအေးရန် သွေးဆောင် ဖြားယောင်းခဲ့ကြပါသည်။ သို့ရာတွင် အမှုတွဲကို အမှန်တကယ် ဖွင့်ရုံမက ပင်မ တရားရုံးတွင်ပါ အမှုတွဲကို တင်လိုက်ပြီး သေးသည့် အမှုကို ကြီးအောင် ဖန်တီး ပြုလုပ်ခဲ့ပါသည်။
ကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံသူ

နိုင်ငံသားများ ခင်ဗျား.. ရင်ငြိမ်းပန်း အသင်း ဥက္တဌ အဖမ်းခံရခြင်းသည် လူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ မဟုတ်ဘဲ မြန်မာနိုင်ငံသားများ အားလုံးကို ကြက်ကလေး ငှက်ကလေးကို ဖမ်းသလို ဥပဒေမဲ့ ဥပဒေကို လက်တလုံးခြား ထင်ရာစိုင်း လုပ်ချင်ရာ လုပ်ကာ လူသားချင်း မစာနာမှု ဖြစ်ပါသည်။ အထက်ပိုင်းမှ တာဝန်ရှိသူများက ကမ္ဘာ့အလယ်တွင်

မြန်မာနိုင်ငံကို တရားဝင် ကန့်ကွက် စာ ပို့နေသော်လည်း အောက်ပိုင်းတွင်မူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ရုံးခန်းတွင်း ချိတ်ဆွဲမှု ကြောင့် နိုင်ငံရေး ပုဒ်မတပ်ကာ ဖမ်းဆီးထောင်ချခြင်းသည် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ်လျက် ရှိနေ ပါသည်။

ကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံသူ နိုင်ငံသားများ ခင်ဗျား.. ကိုယ့်ပြည်တွင်း ကိုယ်နေသော်ငြား မတရားဖိနှိပ်ခံရ၊ နိုင်ငံရပ်ခြား ထွက်လာပါသော်ငြား မတရား ဖိနှိပ် ထိုးကျွေးခံနေရသော အမိမြေမှ တိုင်းရင်းသား ညီအစ်ကို မောင် နှမ အောက်ခြေ လူတန်းစား သန်းနဲ့ချီသော

မြန်မာနိုင်ငံသားများရဲ့ ခံစားချက် နဲ့ ဘ၀ဒုက္ခများကို လူသားချင်း စာနာကြပါရန်နဲ့ မြန်မာနိုင်ငံသားများ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်တွင် မျက်နှာမဖော်ရဲ လောက်အောင် လူသားတန်ဖိုး လူသား ဂုဏ်သိက္ခာများ လွန်မင်းစွာ ကျဆင်းနေရခြင်းမှ လွတ်မြောက်ရန် အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကြိုးစား အကောင်အထည် ဖော်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား..

11 comments:

Kay said...

ဒီအကြောင်းတွေကို..အမြဲ စိတ်ဝင်တစား ..သိနေပါတယ်။ ပြသာနာအားလုံးရဲ့ ရင်းမြစ်က..ဘာလဲဆိုတာလည်း..သိနေကြပါတယ်။ ရင်ငြိမ်းပန်းအဖွဲ့ကိုလည်း..ဂုဏ်ယူအားပေးပါတယ်။
ဇွဲရှိရှိ.. နည်းဗျူဟာ အပြည့်နဲ့..ဆက်လက်.လုပ်ဆောင်နိုင်ပါစေလို့ပဲ..အခုချိန်မှာ..ဆန္ဒပြုပေးပါရစေ။

Thamee Khin said...

we all know how the thai police, army, politicians are bad. prepare well, be calm and fight them back. the whole world is watching us now. you all will be fine.

Myitta Shin said...

'ဒီသတင်းကြားရတာစိတ်မကောင်းပါ။ အခုမှ ဒွမျိုးတွေလဲရှိသေးလား သိလာရတယ်။ တကယ်တော့ ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်သူတွေ မကောင်းလို့ ဒီလိုဖြစ်လာရတာပါ။

Vedic Myanmar said...

This is too bad,,

People are really suffer from unlawful Human Right ...

Home is also problem.. Away is also problem.. really really poor people...

.မင်းတစေ said...

The more i read this sort of touching articles, the more i want to break down the border lines of the countries all over the world. Humanity should be under same opportunities and law. But, it's still the hardest job to kill human's egos. In my dream, i am always waiting for the time when all the racist black walls breaking down. The globalization we are facing now is just fade one and the real one will come when the single people all over the world will be treated under same rights.

JoeGyi said...

Burma needs to rebuild her diplomatic image carefully and consistently so that our country and citizens will not be abused by the corrupted police, hypocritic politicians, double standard officials of our neighbouring countries whose diplomatic forces are doing better jobs than us. One day, we may be able to provide our citizens a win-win situation for the host country and community, the indidvidual him or herself, the employer and the motherland Burma for this migrant labour force.

luepyin said...

ကျွန်တော်တွေးမိသောအကြောငိးအရာလေးများ တချို့(၁)
-----------------------------------------------------------------
မြန်မာနိုင်င်္ငံမှပြည်သူများ DEMOCRACY မရရှိသေး ရခြင်းအကြောင်းရင်းများ
----------------------------------------------------------------------------------

၁။ စစ်အစိုးရသည်ပြည်သူ့အတွင်းမှဖြစ်နေခြင်း[ကိုယ့်လူမျိုး] နှင့်ပြည်သူ့အားနဲချက်များကိုသိနေခြင်း၊

၂။ လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း နှင့်အတွင်းဋ္ဌ်လည်း ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝမရှိသေးခြင်းနှင့်ထောက်ပံ့မှုအလုံအလောက်မရှိသေးခြင်း၊

၃။ ပြည်ပရောက် မြန်မာ့နိုင်င်္ငံရေးသမားများ၏ မြန်မာနိုင်င်္ငံကြီးနှင့်အလှမ်းကွာဝေးသည့်နှစ်ကြီးထွားလာခြင်း၊

၎။ စစ်အစိုးရ၏ အတွင်းပိုင်းပဂိုလ်ရေးဆိုင်ရာ[အတင်း]သတင်းများကိုသာ ရရှိပြီး စစ်တပ်၏ အားနဲချက်သတင်းအစစ်အမှန်ကိုအသေးစိတ်မရခြင်း၊

၅။ နိုင်င်္ငံရေးနှင့် စစ်တပ် အဖွဲ့အစည်းတိုင်းအတွင်းဋ္ဌ်ဆရာ၊တပည့်မွေးမှူများ ရှိနေသေးခြင်း၊

၆။ အခြေခံ ဆင်းရဲသားလူတန်းစား[လူများစု]၏ စားဝတ်နေရေးကိုအစိုးရကချုပ်ကိုင်ထားခြင်းနှင့့််ဌင်းတို့မိသားစုများ၏သားသမီးများ[ပြည်တွင်း]
ဘဝခိုင်မာရန်အကြောင်းပြလှည့်ကွက်ဖြင့် DSA,DSTA,DSMA ၊စစ်သူနာပြု၊ အစရှိသည့်စစ်ကျောင်းကြီးများကိုအောင်မြင်စွာ ဆက်လက်ဖွင့်နေနိုင်သေးခြင်း၊

၇။ စစ်အစိုးရ၏ နိုင်ငံရေး ကြိုးဆွဲ ကွက်များထဲတွင် တချို့နိုင်ငံရေးသမားများ ဆက်လက် ကနေဆဲများ ရှိနေသေးခြင်း၊

၈။ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်းဋ္ဌ်လည်းသာတူညီမျှမှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်း အပြည့်အဝယုံကြည်မှုများမရှိသေးခြင်း၊

၉။ တော်လှန်ရေးတိုင်း၏အားနည်းချက်/အားသာချက်များကိုပြန်လည်သုံးသပ်ပြီး ပြည်သူလူထုကိုအောင်ပွဲခံစေမည့်ထိရောက်သည့် နည်းဗျူဟာသစ်များချမှတ်ပေးနိုင်မှုမရှိသေးခြင်း၊

၁၀။နိုင်ငံရေးသမားများတချို့၏ ပြည်သူ့သစွာခံနှင့် နိုင်ငံရေး ပါး မ ဝသေး ခြင်း၊

luepyin said...

ကျွန်တော်တွေးမိသောအကြောငိးအရာလေးများ တချို့( ၂ )
---------------------------------------------------------------


နိုင်ငံတကာမှစီးပွါးရေးပိတ်ဆို့ခြင်းဖြင့်မြန်မာနိုင်င်္ငံ၏လက်ရှိစစ်အစိုးရ
အာဏာစက်ကိုလျော့ပါးအောင်မလုပ်နိုင်သလိုမြန်မာနိုင်င်္ငံမှပြည်သူများ
လိုလားသောDEMOCRACYစနစ်ပြောင်းလဲရေးကိုလည်းထိရောက်အောင်
မဆောင်ရွက်နိုင်သည့်အပြင်စစ်အစိုးရ၏ဌင်းတို့အကျိုးစီးပွါးကိုဆက်လက်ဖက်
တွယ်ထားမှုနှင့်စီးပွါးရေးစနစ်ဆိုး၏အကျိုးဆက်များမှာ

၁။ဆင်းရဲသားလူတန်းစားအတွင်းအလုပ်အကိုင်ရှာဖွေရန် ပိုမိုခက်ခဲလာခြင်း၊

၂။အူမတောင့် မှ သီလစောင့်မည် ဆိုသည့် စကားအတိုင်း အ ကျင့် စရိုက်ပျက် မှုများ ပိုမိုများပြား လာ ခြင်း၊

၃။ပညာတတ်များအတွက် ပြည်တွင်းဠ် နိုင်ငံခြား company များနည်းပါးလာခြင်းနှင့်ပြည်ပသို့ပိုမို ပြောင်းရွေ့လာခြင်း၊

၎။အိမ်နီးခြင်း[ASEAN]နိုင်ငံများ၏ မြန်မာနိုင်ငံမှပညာတတ်များ ဦးနှောက် ကို ပိုမို ပြီး အ လွယ်တကူ ဖောက်စားနိုင်ခြင်း၊

၅။အလယ်အလတ်စီးပွါးရေး လုပ်ငန်းရှင်များ၏ အစိုးရ အကြိုက် လိုက်ပူးပေါင်းမှု ပိုမို များ လာခြင်း၊

၆။အများစုမှာအစိုးရ အလုပ်အကိုင်နှင့် ပတ် သက်ရာ ပတ်သက်ကြောင်းများကို အား ကိုးလာရရ်ျ တိုင်းပြည်သည် ပိုပြီး ဆင်းရဲလာခြင်း၊

၇။အလုပ်အကိုင် ဘဝ နောင် ရေး ကြပ် တည်းမှု တို့ကြောင့် ပညာမဲ့များအား [စွမ်းအားရှင်] အဖြစ် အစိုးရ မှအလွယ်တကူ ပိုမိုသွတ်သွင်းနိုင်ခြင်း၊

၈။သာသနဝန်ထမ်းများ ပိုမိုများပြား လာ ခြင်း၊

၉။နိုင်ငံခြားထုတ်ကုန်များစီးဆင်းမှု ကျပ်တည်း လာခြင်း ဖြင့် [ ASEAN, CHINA, RUSSIA,INDIA] တို့၏ မတန် တဆ အမြတ်ကြီး စားမှု ကို ပိုမို ခံ ရခြင်း၊

၁၀။စစ်အစိုးရ နှင့် နောက်လိုက်လူယုံ စီးပွါးရေး လုပ် ငန်းရှင် ကြီး များ၏ စီးပွါးရေး မ ကျ ဆုံး ခင် ၊ မြန်မာနိုင်င်္ငံမှဆင်းရဲသားလူတန်းစားအတွင်း ပြောင်းဆန်နှင့် သို့မဟုတ် ထမင်းတနပ်[ဟင်းမပါ] ကိုသာ စားသုံးရ သူ ပိုမိုများပြား လာ ခြင်း
နှင့် အခြေခံ ဆင်းရဲသားလူတန်းစား တို့၏ ဘဝ ကိုအရင်ဆုံး ပိတ်ဆို့ သကဲ့ သို့သာ ထိရောက်နေ ပါကြောင်း
ယနေ့ တရုတ်နိုင်ငံကြီး သည် ၆၃ သန်းကျော် ကွန်မြူနစ်ပါ တီဝင် များဖြင့် ဆက်လက် ကျင့်သုံး နေသော် လည်း မည်သည့် နိုင် ငံ ၏ စီးပွါးရေး ပိတ်ဆို့ မှု ကို မှ မ ခံ ရ ဘဲ under the command economy with market economy, planned economy
များ ကျင့် သုံးကာ ဌင်းတို့ နိုင်ငံကြီးအတွင်း နည်းပညာများ တိုးတက်လာခါ ပညာတတ်များ ပြည်ပသို့ထွက်ခွါမှုကိုသွယ် ဝိုက် ချုပ်ကိုင်လာနိုင်ခြင်း၊
သို့ပါရ်ျ စစ်အစိုးရ၏ သေနတ် ကျည် ဆံနှင့် နိုင်င်္ငံရေးသမားတို့၏ပါးစပ် ကျည် ဆံများ အ ကြား ဖြစ်ပေါ်နေသော တိုင်းရင်းသားပြည်သူ့လူလှိုင်းစစ်ပွဲ ကြီးများကို ရပ်ဆိုင်းပြီးတိုင်းပြည်အတွက် အမှန်တကယ် စဉ်းစားပြီးလုပ်ကိုင် ကြ လျင် ဖြင့်.....

http://myanmarpoliticalwatchdog.blogspot.com/
still under construction
khin min swer phyint

ဘားမားယူနိုက်တက် said...

http://burmaunited.blogspot.com/2008/02/no-voteorvote-no_29.htmlမဲပေးကြမှာလား

k.lwin said...

မြန်မာမလေးတွေကို ဒီလို ယုတ်မာခြင်းတွေဟာ အင်မတန်ကို ခံပြင်းဖို့ ကောင်းပါတယ်။ နောက်တစ်ခုက ဒီ Website မှာ Cbox တွေ၊ Update သတင်းတွေကို တင်စေချင်ပါတယ်

ဟာဂျီဝက်စ်လီ said...

ခံပြင်းလျင်မခံပါနှင့် ။